၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း

၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း — ပုံ 1

သခင်ယေရှု ရေနှစ်ခြင်း မင်္ဂလာကို ခံယူပြီးနောက်မှာတော့ သန့်ရှင်းသောဝိညာဉ်တော်က သူ့ကို ကန္တာရကို ချက်ချင်း ပို့ဆောင်ခဲ့တယ်။ ယေရှုဟာ ရက် ၄၀ နေ့ည အစာမစား ရေလည်းမသောက်ပဲ နေခဲ့တယ်။ နေပြီးတဲ့နောက်မှာ မာရ်နတ်က သူ့ဆီရောက်လာပြီး ယေရှုကို အပြစ်လုပ်မိအောင် သွေးဆောင်ခဲ့တယ်။

၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း — ပုံ 2

မာရ်နတ်ကယေရှုကို ‘ခင်ဗျားဟာတကယ်ပဲ ဘုရားသားမှန်ရင်စားစရာရှိအောင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်အောင်လုပ်ပါ’ ဆိုပြီးသွေးဆောင်တယ်။

၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း — ပုံ 3

ယေရှုက ‘လူဟာမုန့်ကနေအသက်ရှင်ရတာမဟုတ်ဘူး။ ဘုရားသခင်ပြောကြားတဲ့အတိုင်းအသက်ရှင်ရတယ် လို့ ကျမ်းစာက ပြောထားတယ်’ ဆိုပြီး ပြန်ပြောတယ်။

၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း — ပုံ 4

နောက်တစ်ကြိမ်မာရ်နတ်က ယေရှုကို ဗိမ္မာန်တော်ရဲ့ ထိပ်ကို ပို့ဆောင်ပြီး ‘ဘုရားသားမှန်ရင် ကိုယ့်ကိုယ်ကို အောက်ကျအောင် ချလိုက်ပါ။ မင်းရဲ့ခြေကို ကျောက်နဲ့မထိအောင် မထားဖို့အတွက် ကောင်းကင်တမန်တွေကို ပြောထားတယ် ဆိုတာကျမ်းစာမှာ ရေးထားတယ်မဟုတ်လား’ လို့ပြောပြီးယေရှုကို သွေးဆောင်တယ်။

၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း — ပုံ 5

ဒါပေမဲ့ ယေရှုက ကျမ်းစာကိုထောက်ပြီး ပြောတာကတော့ ‘မင်းရဲ့ ဘုရားကို စမ်းကြည့်တာမျိုးမလုပ်ရဘူး’လို့ ပြောခဲ့တယ်။

၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း — ပုံ 6

စာတန်ဟာ ယေရှုကို ကမ္ဘာပေါ်က တိုင်းနိုင်ငံတွေအားလုံးနဲ့ ဘုန်းစည်းစိမ်ကို ပြပြီး ‘ငါ့ကို ပြပ်ဝပ်ကိုးကွယ်ရင် ဒါတွေပေးမယ်’ လို့ပြောတယ်။

၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း — ပုံ 7

ယေရှုက ‘မာရ်နတ်၊ ငါ့ဆီကထွက်သွား။ ဘုရားသခင်တစ်ပါးတည်းကိုပဲ ဝတ်ပြုကိုးကွယ်ရမယ်’ လို့ပြောပြီး မာရ်နတ်ကို နှင်ထုတ်လိုက်တော့တယ်။

၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း — ပုံ 8

မာရ်နတ်ဟာ ယေရှုကို သွေးမဆောင်နိုင်တော့တဲ့အခါမှာတော့ ယေရှုဆီကနေ ထွက်ခွာသွားခဲ့တယ်။ နောက်တော့ ကောင်းကင်တမန်တွေက ယေရှုဆီကို ရောက်လာပြီး သူ့ကို လုပ်ကျွေးပြုစုကြတယ်။

အခြေပြုကျမ်းညွှန်း - မဿဲ ၄: ၁-၁၁၊ မာကု ၁: ၁၂-၁၃၊ လုကာ ၄: ၁-၁၃

ဖတ်ရှုစနစ်တွင် ဖတ်ရန်

ပွင့်လင်းလိုင်စင် (CC BY-SA 4.0) ဖြင့် အသုံးပြု၊ ပြင်ဆင်၊ မျှဝေရန် အခမဲ့ဖြစ်သည်။